Mac OS ပေါ်မှာ Maven ကိုသွင်းဖို့အတွက် Configuation ပြုလုပ်ပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Requirements အနေနဲ့ကတော့ Maven က Java ကိုအသုံးပြုထားတဲ့အတွက် မိမိစက်မှာ Java ကို မှန်မှန်ကန်ကန် Configuration ပြုလုပ်ထားဖို့လိုပါတယ်။ ပထမဆုံး မိမိစက်မှာ Java ကို သိမသိ Terminal မှာ အောက်ကလို ရိုက်ထည့်ပြီး စစ်ဆေးပေးဖို့လိုပါတယ်။ java -version current java runtime ကို ပြန်ပြပေးတယ် ဆိုရင် အောက်က အဆင့်ကို ဆက်သွားလို့ရပါပြီ။ အကယ်၍ command not found ပြနေတယ် ဆိုရင် java ကို အရင်သွင်းရပါမယ်။ Java Install ပြုလုပ်ပုံကို ဒီလင့် မှာ ဖတ်ရှုနိုင်ပါတယ်။ ပထမဆုံး ဒီလင့် ကိုသွားပြီး Maven ရဲ့ Binary ဖိုင်ကို Download ချထားပါ။ ဒေါင်းပြီးသွားရင် မိမိစက်ရဲ့ တစ်နေရာမှာ zip (သို့) tar.gz ဖိုင်ကို ဖြည်ချထားပေးပါ။ ပြီးသွားရင် Terminal မှာ အောက်က command ကို ရိုက်ထည့်ပေးပါ။ Sudo အနေနဲ့ သုံးထားတဲ့အတွက် sudo ln -s [your_directory_name] /usr/local/bin/mvn [your_directory_name] နေရာမှာတော့ စောစောက apache maven ဖိုင်ကို ဖြည်ထားတဲ့ location ထဲက mvn ဖိုင်လေးရှိနေတဲ့ bin ဖိုလ်ဒါကို ညွှန်းဆိုပြီး ခေါ်ပေးရမ...
Programming, Technology Notes & Poems