Skip to main content

Mac OS တွင် Maven Configuration ပြုလုပ်ခြင်း


Mac OS ပေါ်မှာ Maven ကိုသွင်းဖို့အတွက် Configuation ပြုလုပ်ပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Requirements အနေနဲ့ကတော့ Maven က Java ကိုအသုံးပြုထားတဲ့အတွက် မိမိစက်မှာ Java ကို မှန်မှန်ကန်ကန် Configuration ပြုလုပ်ထားဖို့လိုပါတယ်။ ပထမဆုံး မိမိစက်မှာ Java ကို သိမသိ Terminal မှာ အောက်ကလို ရိုက်ထည့်ပြီး စစ်ဆေးပေးဖို့လိုပါတယ်။

java -version

current java runtime ကို ပြန်ပြပေးတယ် ဆိုရင် အောက်က အဆင့်ကို ဆက်သွားလို့ရပါပြီ။ အကယ်၍ command not found ပြနေတယ် ဆိုရင် java ကို အရင်သွင်းရပါမယ်။ Java Install ပြုလုပ်ပုံကို ဒီလင့် မှာ ဖတ်ရှုနိုင်ပါတယ်။

ပထမဆုံး ဒီလင့် ကိုသွားပြီး Maven ရဲ့ Binary ဖိုင်ကို Download ချထားပါ။
ဒေါင်းပြီးသွားရင် မိမိစက်ရဲ့ တစ်နေရာမှာ zip (သို့) tar.gz ဖိုင်ကို ဖြည်ချထားပေးပါ။

ပြီးသွားရင် Terminal မှာ အောက်က command ကို ရိုက်ထည့်ပေးပါ။ Sudo အနေနဲ့
သုံးထားတဲ့အတွက်

sudo ln -s [your_directory_name] /usr/local/bin/mvn

[your_directory_name] နေရာမှာတော့ စောစောက apache maven ဖိုင်ကို ဖြည်ထားတဲ့ location ထဲက mvn ဖိုင်လေးရှိနေတဲ့ bin ဖိုလ်ဒါကို ညွှန်းဆိုပြီး ခေါ်ပေးရမှာ ဖြစ်ပါတယ်။

ဥပမာ ကျွန်တော်က လက်ရှိ login user ရဲ့ အောက်က Documents/applcations အောက်မှာ ဖိုင်ကို ဖြည်ထားတဲ့အတွက် အောက်ကလို ပြောင်းပြီး command ကိုရိုက်ထည့်ပေးရမှာပါ။

sudo ln -s /Users/khantzaw/Documents/applications/apache-maven-3.6.1/bin/mvn /usr/local/bin/mvn

ပြီးသွားရင် Maven Command ကို Terminal မှာ သိမသိစစ်ဖို့အတွက်

mvn --version

လို့ရိုက်ထည့်ကြည့်ပါ။ အောက်ကအတိုင်း ထွက်လာရင်တော့ Terminal မှာ maven ကို
စတင်ပြီး အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။




Comments