Skip to main content

Posts

Showing posts from September, 2019

Mac OS Useful Shortcut မှတ်စုများ

Shortcut တွေ ခဏခဏမေ့တတ်လို့ အသုံးဝင်တဲ့ Shortcut လေးတွေကို စုစည်းထားတာပါ။ Shortcut Usage Command + I Select လုပ်ထားသော File/Folder တစ်ခုချင်းစီ၏ Size & Info အား ကြည့်ရန် Option + Command + I Select လုပ်ထားသော File/Folder အားလုံး၏ Total Size & Info အား ကြည့်ရန် Shift + Command + Period (.) Hidden လုပ်ထားသော ဖိုင်များအား Show/Hide ပြုလုပ်ခြင်း ရံဖန်ရံခါ Fn (Function Key) နှင့်တွဲနှိပ်ရသည်။ Shift + Command + 5 Take Screenshot ရိုက်ခြင်း Command + Down Arrow Folder အတွင်းဝင်ရန်၊ File အားဖွင့်ရန် Command + Down Arrow လက်ရှိရောက်နေသော Folder ၏ အပေါ်သို့ ပြန်ထွက်ရန် Command + Comma (,) Application များ၏ Setting/Preferences သို့ ဝင်ရန် To be continued ...

Blogger တွင် Unicode Font များအား Embedded ပြုလုပ်၍ ထည့်သွင်းခြင်း

ဒီတစ်ခေါက်တော့ Blog မှာ Unicode Font တွေကို Embedded ပြုလုပ်ပြီး ထည့်သွင်းနည်းကို တင်ပြပေးလိုက်ပါတယ်။ Font Embedded ပြုလုပ်တယ် ဆိုတာက ကိုယ်က Blog ကို Unicode နဲ့ ရေးတင်ထားတယ်ဆိုရင် အလည်အပတ် လာရောက်ဖတ်ရှုသူတွေရဲ့ Devices တွေမှာ Unicode ရှိရှိ မရှိရှိ ပြပေးနိုင်အောင် Blog ထဲမှာပဲ Unicode Font ကို ထည့်သွင်းထားလိုက်တာကို ဆိုလိုတာပါ။ Myanmar Unicode Font တွေကို Embedded ပြုလုပ်ဖို့အတွက် Developer တစ်ယောက်ဖြစ်တဲ့ ကို Saturngod က mmwebfont ဆိုတဲ့ နာမည်နဲ့ site တစ်ခုပြုလုပ်ပြီး Unicode Font တွေကော၊ Zawgyi Font ကိုပါ WebFont အနေနဲ့ Support ပေးထားပါတယ်။ မူရင်းဆိုက်ဒ်ကို သွားရောက်လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့် ကနေ သွားနိုင်ပါတယ်။ Blogger မှာ Font Embedded လုပ်ဖို့အတွက် Theme မှာ အနည်းငယ် ပြင်ဆင်ပေးရပါမယ်။ ပထမဆုံး Blogger ကို ဝင်ပြီး Theme ကိုသွားပါ။ ပြီးရင် Customize ကို နှိပ်ပါ။ အဲ့ဒီအခါ Theme Designer ထဲကို ရောက်သွားပါမယ်။ ဘယ်ဘက်ခြမ်းက Advanced ကိုရွေးပါ။ သူ့ဘေးမှာ ရွေးစရာ Option တွေထပ်ပေါ်လာပါမယ်။ အဲ့ဒီထဲက အောက်ဆုံးကို ရောက်အောင်သွားပြီး Add CSS ကိုရွေးပေးပါ။ ပြီးရင် အောက်ကအတိုင်း C...