Skip to main content

Blogger တွင် Unicode Font များအား Embedded ပြုလုပ်၍ ထည့်သွင်းခြင်း


ဒီတစ်ခေါက်တော့ Blog မှာ Unicode Font တွေကို Embedded ပြုလုပ်ပြီး ထည့်သွင်းနည်းကို တင်ပြပေးလိုက်ပါတယ်။ Font Embedded ပြုလုပ်တယ် ဆိုတာက ကိုယ်က Blog ကို Unicode နဲ့ ရေးတင်ထားတယ်ဆိုရင် အလည်အပတ် လာရောက်ဖတ်ရှုသူတွေရဲ့ Devices တွေမှာ Unicode ရှိရှိ မရှိရှိ ပြပေးနိုင်အောင် Blog ထဲမှာပဲ Unicode Font ကို ထည့်သွင်းထားလိုက်တာကို ဆိုလိုတာပါ။

Myanmar Unicode Font တွေကို Embedded ပြုလုပ်ဖို့အတွက် Developer တစ်ယောက်ဖြစ်တဲ့ ကို Saturngod က mmwebfont ဆိုတဲ့ နာမည်နဲ့ site တစ်ခုပြုလုပ်ပြီး Unicode Font တွေကော၊ Zawgyi Font ကိုပါ WebFont အနေနဲ့ Support ပေးထားပါတယ်။ မူရင်းဆိုက်ဒ်ကို သွားရောက်လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့် ကနေ သွားနိုင်ပါတယ်။

Blogger မှာ Font Embedded လုပ်ဖို့အတွက် Theme မှာ အနည်းငယ် ပြင်ဆင်ပေးရပါမယ်။ ပထမဆုံး Blogger ကို ဝင်ပြီး Theme ကိုသွားပါ။ ပြီးရင် Customize ကို နှိပ်ပါ။


အဲ့ဒီအခါ Theme Designer ထဲကို ရောက်သွားပါမယ်။ ဘယ်ဘက်ခြမ်းက Advanced ကိုရွေးပါ။ သူ့ဘေးမှာ ရွေးစရာ Option တွေထပ်ပေါ်လာပါမယ်။ အဲ့ဒီထဲက အောက်ဆုံးကို ရောက်အောင်သွားပြီး Add CSS ကိုရွေးပေးပါ။ ပြီးရင် အောက်ကအတိုင်း CSS တွေကို ပြင်ပေးရပါမယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုဖောင့် ကိုရွေးချယ်အသုံးပြုထားတဲ့ အတွက်ပါ။ တစ်ခြား ရွေးချယ်ထည့်သွင်းနိုင်တဲ့ Font တွေနဲ့ Link တွေကို MMWebFont ရဲ့ မူရင်းဆိုက်ဒ်မှာ လေ့လာနိုင်ပါတယ်။


အပေါ်မှာ CSS ထည့်သွင်းထားတဲ့ ပုံကို နမူနာ အနေနဲ့ ပြထားပေးပါတယ်။
ဒါဆိုရင်တော့ မိမိ Blog ကို Unicode မရှိတဲ့ Devices တွေပေါ်မှာပါ Unicode နဲ့ မြင်ရမှာ ဖြစ်ပါတယ်။

Comments